celebration
ဒီလိုညမျိုး ငါကြုံများ ကြုံခဲ့ဖူးသလား
မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းလေ
လေပြည်သဲ့သဲ့ ဆယ်ယူလာတဲ့
ယမ်းငွေ့လေး တိတ်တိတ်ရှိုက်ရင်း လွမ်းလိုက်ရတာ
ရင်ဘတ်တခုလုံးကို တုန်ခါလို့...
Category:
seeing (အမြင်အာရုံ)
evening
နေ့ရက်ဟောင်းလို့ ညနေစောင်းပြီဆို
အထီးကျန်ခြင်းကနေ လှုပ်နှိုးမယ့်လက်တွေကို မျှော်မိပြီ
Category:
seeing (အမြင်အာရုံ)
always
family
မိသားစုလေးယောက် ရှိတဲ့အိမ်ပါ
တယောက်ကတော့ လူက နည်းနည်းလေး ၀သလို (ဟီး နည်းနည်းလေးတဲ့ ) သွားတိုက်တံကလဲ ၀ တယ်
သူနဲ့ပဲ နေရာကြပ်နေတာပေါ့
Category:
seeing (အမြင်အာရုံ)
I'll be your man from now
I'll be your man from now, originally uploaded by singtographer.
ယနေ့မှစ နှစ်တရာတိုင်
လှေကားပေါ်ပြန်တက်သွားတုန်း ဖမ်းရိုက်ထားတာ
အရိုက်ခံရတဲ့လူတော့ မသိဘူး ကိုယ့်ကိုယ်တော့ တော်တော်ကြိုက်နေတယ်
တသက်မှာ ဒီလိုပုံလေး တပုံလောက်တော့ ရချင်သား
Category:
seeing (အမြင်အာရုံ)
together
together, originally uploaded by singtographer.
မခွဲအတူ...တို့
ပထမဆုံး outdoor အတွေ့အကြုံပါ
ပုံကို ဘလော့ဂ်မှာ တင်ဖို့ ခွင့်မတောင်းဖြစ်လို့ မျက်နှာ သိပ်မမြင်ရတဲ့ ပုံပဲ တင်လိုက်တယ် ဟီး
Category:
seeing (အမြင်အာရုံ)
crispy fried rice (ဆန်လုံးစီ)
crispy fried rice, originally uploaded by singtographer.
မနက်ခင်း နေခြည်နွေးရယ် ဒေါ်ချစ်မေ ဟင်းထုပ်ရယ် ဆန်လုံးစီကြော်ရယ်... ... ...
အမေ့အိမ်ကို လွမ်းတယ်
Category:
seeing (အမြင်အာရုံ)
sunset
sunset, originally uploaded by singtographer.
နေ၀င်ပြီဆိုရင် ကိုယ်လေ ငိုချင်တယ်
ရင်မှာ နာကျင်စွာ ဆွေးတယ်
(သီချင်းတွေနဲ့အတူ ကိုငှက်ကို လွမ်းတယ်)
Category:
seeing (အမြင်အာရုံ)
tridational fireballoon
မှတ်မိပါသေးရဲ့လေ
မှောင်လွန်းတဲ့ည
အရိုးခိုက်အောင် အေးလွန်းတဲ့ည
ဒီလိုဆောင်းညတွေမှာ အအေးဓါတ်ကို အံတုပြီး
လူထောင်ပေါင်းများစွာ သက်ဝင်လှုပ်ရှားနေအောင် ဆွဲအားကောင်းနေခဲ့တာ
Category:
seeing (အမြင်အာရုံ)
tie
tie, originally uploaded by singtographer.
ဒီနှောင်ကြိုး သံနဲ့ နှောင်မှ မြဲမတဲ့လား
သူငယ်ချင်းတွေကို ရထားဘူတာမှာ စောင့်ရင်း
လူတွေကို ရိုက်ရင် အနည်းဆုံးတော့ မျက်စောင်းထိုးခံရမှာစိုးလို့
ဘာမှ ပြန်မပြောတတ်ရှာတဲ့ သံကြိုးလေးကို လက်တည့်စမ်းထားတာ။
Category:
seeing (အမြင်အာရုံ)
way back home
way back home, originally uploaded by singtographer.
အချိန်တန်နေရီ မျှော်သူဆီကို လှမ်းခဲ့ပြီ
ဖောင်တော်ဦးဘုရားက အပြန် မှောင်လုမှောင်ခင်မှာ
တံငါတွေလဲ အလုပ်သိမ်းနေချိန်ပေါ့
ဟိုးအဝေးက လှမ်းကြည့်နေတဲ့ သူဆီကို သွားနေတယ်လို့ ထင်တာပဲ
Category:
seeing (အမြင်အာရုံ)
wonderland
wonderland, originally uploaded by singtographer.
ဘာကြောင့်ရယ်တော့ မသိဘူး
ဒီပုံကို မြင်ရင် ပျူစောထီးတို့ခေတ်က
ရှူးပျံတွေနဲ့ တိုက်ခဲ့တဲ့ ခေတ်ကို ပြန်ခံစားမိသလိုပဲ
အဖြူအမည်းဓါတ်ပုံဆိုရင် ပိုများ ပီပြင်နေမလားပဲ
Category:
seeing (အမြင်အာရုံ)
watching to the sky, dreaming as we fly
watching to the sky, dreaming as we fly, originally uploaded by singtographer.
ကောင်းကင်ကို မော့ကြည့်ပြီး
ဘ၀အမောတွေ ဖြေလျော့တတ်တဲ့
စိတ်ကူးသစ်တွေ မွေးဖွားတတ်တဲ့
မြိုသိပ်ခြင်းတွေ ဖွင့်ထုတ်တတ်တဲ့
လူသားများစွာထဲမှာ ကိုယ်တယောက်လဲ အပါအ၀င်
Category:
seeing (အမြင်အာရုံ)
piggy bank
piggy bank, originally uploaded by singtographer.
စုဘူး (စုခွက်ဆိုရင် ပိုမှန်မယ်ထင်တယ်)
ကိုယ်ပိုင်ကင်မရာ နဲ့ ရိုက်တဲ့ ပထမဆုံး ဓါတ်ပုံ
ပိုက်ဆံအကြွေတွေကို
ပြား၅၀သတ်သတ် ပြား၂၀သတ်သတ် ၁၀ပြားသတ်သတ်
ခွက်လေးတွေနဲ့ စုတတ်တဲ့ လူတယောက်အတွက် အမှတ်တရ
Category:
seeing (အမြင်အာရုံ)
lonely
lonely, originally uploaded by singtographer.
အထီးကျန်
ငါကပဲ နယ်ကျွံမိသလား
ငါ့ဆီကိုပဲ နယ်ကျွံလာကြသလား
အဆုံးသတ်ကျတော့ ရေလယ်မှာ ထီးတည်း
ငါဟာ ဘာများလဲ
Category:
seeing (အမြင်အာရုံ)
birds of hope
birds of hope, originally uploaded by singtographer.
လာ အတူသွားမယ် အလင်းဆီကို
စဉ်းစားမနေနဲ့ ဘယ်လောက်ဝေးမလဲ
တွဲလက်တွေ မြဲနေသေးသရွေ့
တနေ့တလံ ပုဂံမရွေ့ပေါ့
Category:
seeing (အမြင်အာရုံ)
about to pass (စည်းတံခါးကို ကျော်လုချိန်)
entrance, originally uploaded by singtographer.
ဟော အရှေ့မှာ တွေ့နေရပြီ
အတိတ်သမိုင်းကြောင်းရဲ့ မြို့ဟောင်းတခု
မှတ်မှတ်ရရ ခြေထောက်ဆူးစူးပြီးမှ ရခဲ့တဲ့ပုံ။
ကားဆရာက ကားကို အထဲထိမောင်းဝင်သွားတော့
ချွတ်ရမယ့်တူတူဆိုပြီး ဖိနပ်ကို ကားထဲမှာပဲ ချွတ်ထားခဲ့မိတယ်။
ဘုရားရင်ပြင်တော်ပေါ်သွားမယ်အလုပ် နောက်လှည့်ကြည့်တော့
မုခ်ဦးကို မျက်စိကျမိတာနဲ့ အပြင်ပြန်ပြေးအထွက် ဆူးစူးပါလေရော။
ဘယ်ရမလဲ ဓါတ်ပုံတော့ ရအောင်ရိုက်ခဲ့သေးတယ်။
Category:
seeing (အမြင်အာရုံ)
taunggyi morning
ဆောင်းမနက်တိုင်း မြူတွေဆိုင်းတဲ့ ဇာတိမြို့ငယ်
အရိုးထဲ စိမ့်အောင် အေးတဲ့ ခံစားချက်ကို
ပြန်စဉ်းစားလိုက်တိုင်း ပြန်ခံစားလို့ ရအောင်
ဒီတခေါက် အိမ်ပြန်တော့ တတ်နိုင်သရွေ့ အနွေးထည် မ၀တ်ဘူး
လက်တွေ ထုံလာတဲ့အထိ ဆိုင်ကယ်စီးတယ်
အိမ်ပြန်ရောက်တော့ အမေဆူတယ်
အားပါး အရသာ ရှိလိုက်တာ
Category:
seeing (အမြင်အာရုံ)
oh birdy!
oh birdy!, originally uploaded by singtographer.
အိုငှက်ငယ်
အပေါ်ပိုင်း ၀ိတ်လေးနေတယ်လို့ ထင်ပေမယ့်
လောကနန္ဒာရှုခင်းက ဆွဲဆောင်လွန်းလို့
မျက်စိမှိတ်ရိုက်လိုက်တာ ငှက်ကလေးက မနေနိုင်လို့
လွတ်နေတဲ့ အပေါ်ပိုင်းကို ၀င်ဖြည့်ပေးသွားတာပါ
မှတ်ချက်။ နောက်မှ ပြန်ထည့်ထားတာ လုံးဝမဟုတ်ပါ
Category:
seeing (အမြင်အာရုံ)
light from arr nan dar
arr nan dar, originally uploaded by singtographer.
အာနန္ဒာက အလင်းတစ
ရိုက်သက်နုသေးလို့လားတော့ မသိဘူး
ဘုရားရယ် ခြင်္သေ့ရယ်ကိုပဲ တင်ပလ္လင်ခွေထိုင်ပြီး သေချာရိုက်ခဲ့တာ
အောက်က အလင်းရောင်ပြာပြာလေး ပါလာမယ်လို့
ထင်ကို မထင်ခဲ့ဘူး မမြင်တတ်တာပေါ့လေ
ရိုက်ပြီးပြီးချင်း LCD screen ကို ပြန်ကြည့်တော့
အရမ်းကို ရင်ခုန်သွားတယ်
ဒီနေ့အထိလဲ အကြိုက်ဆုံးပုံ ဖြစ်နေတုန်းပဲ
Category:
seeing (အမြင်အာရုံ)
boy in the backet
boy in the backet, originally uploaded by singtographer.
အဆင်ပြေတဲ့အရပ်မှာ ကျေကျေနပ်နပ် နေတတ်မှ
ဘ၀ဆိုတာ နေပျော်မယ်လေ
ဈေးထဲမှာ ဒီလို ဇိမ်ကျကျထိုင်ဖို့ နေရာရှာတတ်တဲ့
ဥာဏ်ကြီးရှင်လေးကို ဂုဏ်ပြုသောအားဖြင့်
ဓါတ်ပုံ တိတ်တိတ်လေး ရိုက်ခဲ့ပါတယ် :P
Category:
seeing (အမြင်အာရုံ)
christmas bell
, originally uploaded by singtographer.
နံနက်ခင်းနေရောင်ထဲမှာ အရောင်တွေစုံပြီး လှနေလိုက်တာ
ရည်ရွယ်ချက်ကတော့ တခုထဲ
အေးလွန်းတဲ့ဆောင်းမှာ အနွေးဓါတ် ပေးကူဖို့
ဘယ်သူကများ သူ့လုပ်အားကို လိုအပ်မလဲ ငံ့လင့်နေကြ
တောင်ကြီးဈေးထဲက ဦးထုပ်လေးတွေပါ
Category:
seeing (အမြင်အာရုံ)
irrawaddy sunset
image_9, originally uploaded by singtographer.
ဟိုတဖက်ကမ်းက တရားဒေသနာ
လမ်းခရီးအခြေအနေကြောင့် နေ၀င်ချိန်ကို မမှီ့တမှီလေး ရောက်သွားတယ်
နာမည်ကြီး sunset တွေ သွားဖို့အချိန်မရလိုက်တာနဲ့
ဟိုတယ်အခန်းအပြင်နားလေးကနေပဲ tripod ချိန်ပြီး ရိုက်လိုက်ရတယ်
တန့်ကြည်တောင်ရယ် လသေးသေးလေးရယ် ဧရာဝတီရယ်နဲ့
ပုံလေးက လှတပတလေးတော့ (ကိုယ့်တယောက်ထဲအထင်) ဖြစ်သွားသား။
Category:
seeing (အမြင်အာရုံ)